Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့နေရသည့် ရေဘေးသင့် ပြည်သူများအား စားနပ်ရိက္ခာနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထော…
Sep 26,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့နေရ သည့် ကျွန်းညိုရွာ သစ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က စားနပ်ရိက္ခာနှင့် ကျန်းမာရေးသုံး ပစ္စည်းများ စုပေါင်း ထောက်ပံ့ လှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့၌ အိမ်ထောင်စု(၆၀)ထံသို့ ဆန်၊ ဆီများလှူဒါန်း
Sep 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ပေါ်(၆) ရပ်ကွက်မှ ကိုဗစ်-၁၉ ရောဂါကာအတွင်း ခက်ခဲသည့် အိမ်ထောင်စုများထံသို့ ယနေ့ နံနက် ၉ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် သရက်ခွချောင်းတံတား၏ ကမ်းခုံဘေး မြေသားများ ပြိုကျမှုဖြစ်ပွား
Sep 26,2021
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးရွာသွန်းမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေပြီး ယမန်နေ့ နံနက်ပိုင်းက ရွာသွန်းခဲ့သောမိုးကြောင့် သရက်ခွကျေးရွာအနီးရှိ နေပြည်တော်- တောင်ညို - မြို့သစ်-ကံပြား (မကွေး) လမ်းမိုင်တိုင် ၃၃/၁နှင့်၃၃/၂ ကြားရှိ တံတား အမှတ်၂/၃၄ သရက်ခွချောင်းတံတားတွင် ကမ်းကပ်ခုံနှစ်ဘက်၏ အောက်မြေသားများအား ရေတိုက်စား မှုကြောင့် မြေဘောင်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ၏စကားသံ
Sep 26,2021
နွားထိုးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်ရောဂါကူးစက်ပြီးနောက် ပြန်လည်ကျန်းမာသူ၏ ရင်တွင်းစကားသံကို ဖော်ပြလိုက်ပါသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ (၄ ဒသမ ၇) ပေခန့် ဆက်လက်ရေကျော်နေ
Sep 26,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများရှိနေပြီး တမံရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ (၄ ဒသမ ၇)ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ထီးချိုင့်မြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး
Sep 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် ကသာခရိုင်၊ ထီးချိုင့်မြို့ရှိ ရွှေသင်္ဂဇာကျောင်းတိုက်၊ ဘဒ္ဒန္တသုန္ဒရ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂) နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
Sep 26,2021
ကိုယ်ဝန်ဆောင်ချိန်ကာလမှ ကလေးအသက်(၂)နှစ်အထိ ရက်ပေါင်း(၁၀၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေး ၊ ကျန်းမာရေးနှင့် ညီညွှတ်သောအမူအကျင့်များ ကျင့်သုံးလာစေရေး အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအားယနေ့နံနက် ပိုင်းကကျေးရွာများအရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းများဖြင့် စျေးကားများ ဆက်လက်လိုက်လံရောင်းချ
Sep 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အခြေခံစားသောက်ကုန် ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းများဖြင့် လိုက်လံရောင်းချ ပေးလျက်ရှိရာ ယနေ့နံနက် (၀၇:၀၀)နာရီအချိန်က မြို့နယ်အတွင်းရှိ အမှတ် (၂၀)ရပ်ကွက်၊ မြိတ်လမ်းနှင့် ဂျိုးဖြူလမ်းထောင့်တွင်လည်း ပြည်သူများ သန့်ရှင်းလတ်ဆတ်ပြီး စျေးနှုန်းသက်သာစွာ ဆက်လက်ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံ စီမံခန့်ခွဲမှုဌာန အစီအစဉ်ဖြင့် ဆက်လက် လိုက်လံ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25422
Page
25423
Page
25424
Page
25425
Current page
25426
Page
25427
Page
25428
Page
25429
Page
25430
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department