အမြို့မြို့အနယ်နယ်သတင်းများ

Sep 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် ဒုတိယအသုတ် (Fist-Dose) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ (၆၄၅၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ၁၆ရက်နေ့မှ စတင်ထိုးနှံကာ စက်တင်ဘာလ ၂၅ ရက်နေ့အထိနံနက်(၈:၀၀) နာရီအချိန်တွင် သတ်မှတ် စုရပ်(၃)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်းအား အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်ရက်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြုလုပ်သည်။
Sep 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာအုပ်စု၊ တမုတ်ကျေးရွာတွင် ယနေ့ရက်နေ့က ကြံစိုက်တောင်သူ ဦးကြည်နှင်း၏ ကြံစိုက်ခင်းတွင် ကြံရွက်ခြောက်ဖြင့် EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများက လက်တွေ့ကွင်းဆင်းသရုပ်ပြ ဆောင်ရွက် ခဲ့သည်။
Sep 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင်သာမက မြို့နယ်အတွင်းရှိ ကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 26,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နေ့လယ် (၂) နာရီက ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် (volunteer) များ၏ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
Sep 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်းအတွက် လိုအပ်သော အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး(၃၀)ကို ပြင်ဦးလွင်မြို့ သန္တိသုခနာရေးကူညီမှုအသင်းမှ ယမန်နေ့က ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သဖန်းကိုင်းပရဟိ အသင်းထံမှ သိရသည်။
Sep 26,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့ည ၁၁ နာရီ နာရီအချိန်နှင့် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၃ နာရီအချိန်ထိ မိုးရေချိန် ၁ဒသမ၈၅လက်မထိ ရွာသွန်းမှုကြောင့် ဆင်ချောင်းကျေးရွာအုပ်စု၊ ဆင်ချောင်းကျေးရွာရှိ ဆင်ချောင်းဆည်နှင့် စည်သာကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာရှိ ဂွေးချိုဆည်တို့မှာ မူလကန်ရေပြည့်အမှတ်ထက် ကျော်လွန်မှုဖြစ်ပွားကြောင်း သိရှိရသည်။