Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုံရွာမြို့နယ်တွင် ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အားလုံးထိုးနှံပြီးစီး
Sep 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အားလုံး ထိုးနှံပြီးစီးကြောင်း မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအသုတ် ပထမ အကြိမ် ထိုးနှံပြီးစီးသူများကို ဩဂုတ်လ၃၁ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ရာ ယမန်နေ့ နောက်ဆုံးအဖြစ် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ခန်းမတွင် ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ
Sep 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက်(၁၀)နာရီက ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့၌တည်ဆောက်လျှက်ရှိသောအောက်ဆီဂျင်စက်ရုံအတွက်အောက်ဆီဂျင်စက်ရောက်ရှိ
Sep 26,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် မြို့မိ၊ မြို့ဖများ ဦးဆောင်၍ အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံကို ဩဂုတ် ၁ ရက်နေ့မှ စတင် တည်ဆောက်ခဲ့ရာ ယခုအခါ အဆိုပါစက်ရုံအတွက် အောက်ဆီဂျင်စက်အသစ် ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည် ။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များ၏ လုံခြုံရေးများအား လိုက်လံစစ်ဆေး
Sep 26,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးတာဝါတိုင်များ လုံခြုံမှုရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် ခရိုက်နှီးဟုကျေးရွာအုပ်စု သာယာကုန်းကျေးရွာရှိ အိမ်ထောင်စုဝင်များအား အစားအသောက်ကုန်ပစ္စည်းများ ထောက်ပံ့
Sep 26,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ခရိုက်နှီးဟုကျေးရွာအုပ်စု သာယာကုန်းကျေးရွာရှိ အိမ်ထောင်စုဝင် များအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်က ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့မှ ဦးစီးပြီး အဆိုပါ ကျေးရွာ အိမ်ထောင်စုဝင်များအား ဆန်၊ ဆီ စသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းအား ကူညီပံ့ပိုးပေးနိုင်ရန် စေတနာ့ဝန်ထမ်း သင်တန်းပို့ဖွင့်လှစ်
Sep 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တနင်္သာရီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ တနင်္သာရီမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများက ပြည်သူများအား မြေပြင်တွင် မှန်ကန်သည့် ကူညီပံ့ပိုးမှုများ ပေးနိုင်ရန်အတွက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Sep 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ Stay at home ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Sep 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြော်ငြာခဲ့ပြီးဖြစ်ရာ နေအိမ်တွင်နေထိုင်ရေး( Stay at Home )ကာလအတွင်း မိဘပြည်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား သိရှိလိုက်နာနိုင်ရေး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီမှစ၍ အသံချဲ့စက်ဖြင့် တောင်ကြီးမြို့တွင်းသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25427
Page
25428
Page
25429
Page
25430
Current page
25431
Page
25432
Page
25433
Page
25434
Page
25435
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department