Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)နှစ်အထက်ပြည်သူ(၅၄၄၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးပြီး
Nov 16,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(Sinopharm)ကို စတုတ္ထအသုတ် ပထမ အကြိမ်အဖြစ် လူဦးရေ(၅၄၄၀)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယနေ့နံနက်(၉)နာရီကလည်း လယ်ဝေး မြို့ အားကစားလေ့ကျင့်ရေးစခန်း အမှတ်(၂)တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲ ပြုလုပ်
Nov 16,2021
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းသိရှိရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မား လာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြု တတ်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆောင်ရွက်
Nov 16,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးTalk Show ကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး မြန်မာ၊ ပအိုဝ်း နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိ
Nov 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရန်အတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ဆီဆိုင်မြို့ ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်
Nov 16,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဒေသခံ ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ကျေးလက်ပြည်သူများ လိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်
Nov 16,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပျံ့ပွား တွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက် များအား ကျေးလက်ပြည်သူ များလိုက်နာရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးအသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က ဝါးတောကျေးရွာ အတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် (၁၀၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ
Nov 16,2021
အမျိုးသားအောင်ပွဲနှင့် ပတ်သက်သည့် သမိုင်းအကြောင်းအရာများ၊ မှတ်တမ်းဓါတ်ပုံများ အား ပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီ အချိန်က (၁၀၁) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်အား ပြသဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေးဆောင်ရွက်
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24358
Page
24359
Page
24360
Page
24361
Current page
24362
Page
24363
Page
24364
Page
24365
Page
24366
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department