တောင်သာ နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ လျော့ပါးသက်သာစေရန်အတွက် ကျန်မာရေးဦးစီးဌာနသို့ သွားရောက်ပြသရန်၊ အသက်ကြီးတဲ့သူတွေ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိ တဲ့သူတွေ ကိုယ်ခံအားနည်းတဲ့ သူတွေအတွက် ပိုပြီးအန္တရာယ်များကြောင်းနှင့် ရောဂါ အကောင်း ဆုံး ကာကွယ် ဖို့ နည်းလမ်းတွေကတော စနစ်တကျလက်မဆေးပဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ တက်နိုင်သလောက် မိမိလက်နဲ့မျက်နှာကို မထိတွေ့စေဖို့ သတိပြုပါ၊ သန့်ရှင်းလက်ဆက်တဲ့ အစားအစာကို ရွေးချယ်စားသုံးပါ၊ အစားအသောက်များကို ကျက်အောင် ချက်ပြုတ် စားသုံးပါ ကျန်းမာရေး ဝန်ကြီးဌာနက အချိန်နဲ့တပြေးညီထုတ်ပြန်တဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းနှိုဆော်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ် ရပ်ကွက်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်၍ လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)