လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲ ပြုလုပ်

လိပ်သို  နိုဝင်ဘာ ၁၆

ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့်  အမျိုးသားအောင်ပွဲနေ့  ဖြစ်ပေါ်လာပုံ  အကြောင်းသိရှိရန်၊  အားလပ်ချိန်များကို   အကျိုးရှိစွာ  အသုံးချတတ်ရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြှင့်မား လာစေရန်၊  ကိုယ်ပိုင်တီထွင်  တတ်သည့်  အတွေးအခေါ်များ  ရှိစေရန်၊  စာကြည့်တိုက်ကို  အသုံးပြု တတ်စေရန်  ရည်ရွယ်၍  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန  ကလေးစာဖတ်ခန်းတွင်  ယနေ့နံနက်  (၁၀)နာရီအချိန်က     ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ  လုပ်ငန်းတွင်  မြို့ဦစီးမှူးနော်နီလာအေးက  ကလေးသူငယ်များအနေဖြင့်  အမျိူးသားအောင်ပွဲ နေ့  ဖြစ်ပေါ်လာပုံ  အကြောင်းသိရှိစေရန်၊  စာဖတ်ခြင်းဖြင့်  အသိပညာ ဗဟုတတိုးပွား လာစေရန်  အတွက်   ယခုကဲ့သို့  ပြိုင်ပွဲများ  ပြုလုပ်ပေးခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။  ထို့နောက် ကိုဗစ်-၁၉ ရောဂါ  စည်းကမ်းချက်များ နှင့်အညီ   မူလတန်းအဆင့်   ဆေးရောင်ခြယ်ပြိုင်ပွဲ  ပြုလုပ်ပေးပြီး  ဆုရရှိ သူများအား  ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့  (ပြန်/ဆက်)