အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဆေး အလုံးရေ ၂၉၁ လုံးနှင့် ဆေးထိုးအပ် များကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေး ခဲ့ရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ရောက်ရှိခဲ့သည်။
Nov 16,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထ အသုတ်၊ ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Nov 16,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း‌ကျောင်းများရှိ အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉)နာရီမှစတင်၍ ဝါးခယ်မမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအပါအဝင်‌ ဆေးထိုးစုရပ် (၁၀)နေရာ၌ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 16,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနက ၁၀၁ နှစ်မြေက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရေး အတွက် အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ​ဟောင်ဟင်ကျေးရွာနှင့် ပါညု​ကျေးရွာတို့၌ Han Speaker ဖြင့် အသိပေး နှိုးဆော်ခဲ့သည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာခရိုင်အတွင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံကြေညာ နိုးဆော်ခြင်း များကို နေ့စဉ်ဆောက်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈ ) နာရီအချိန်က ရပ်ကွက်များအတွင်း လိုက်လံအသိပညာပေး ဆောင်ရွက် လျက်ရှိသည်။
Nov 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြား ချက်များအား ယနေ့နံနက်ပိုင်းက တနင်းဖလုံကျေးရွာ၌ အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
Nov 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ မြို့ပေါ်(၆) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၁၃)အုပ်စု၏ နယ်နိမိတ်ဧရိယာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု မရှိစေရေးအတွက် Local Semi-Lockdown ကာလသတ်မှတ်ရက် ထပ်မံတိုးမြှင့်ကြောင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ၊ ဆီဆိုင်မြို့၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ ရက်စွဲပါအမိန့်စာအမှတ် (၃/၂၀၂၁)ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။