အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2021
ကိုးရီးယားသမ္မတနိုင်ငံ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန၏ အထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူး  ခြင်းစီမံကိန်း၏ ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ခုနှစ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ၏ စီမံကိန်း(၄၀)ရွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘားအံမြို့နယ် ဝင်းဒရယ်ကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်း ကျေးရွာတွင်လည်း စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း (ICSP)ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာ၏စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပျဉ်းကတိုးကုန်းကျေးရွာတွင် စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဒုတိယနှစ် ဝင်ငွေ တိုးပွားရေးကဏ္ဍ ချေးငွေထုတ်ပေးခြင်း အခမ်းအနားကိုတော့ ယမန်နေ့ နံနက်(၁၀)နာရီ အချိန် က ဝင်းဒရယ်ကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းရွာ၊ဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Nov 18,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နှစ်စဉ်မပြတ် ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ကျင်းပ ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မယ်စဲ့မြို့ သီရိမင်္ဂလာရတနာသုခ (မြို့မ) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Nov 18,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်ပြည့် ဘုရားကြီး၌ ယနေ့နံနက်ပိုင်းမှ စတင်ကာဘုရားဖူးလာပြည်သူများ၊ နံနက်စောစောပိုင်း၌ မသိုးသင်္ကန်းဆက်က ပ်လှူဒါန်းသူများ၊ဥပုသ်သီလဆောက်တည်ကြသူများ ၊အပန်းဖြေအနားယ ကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Nov 18,2021
 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မသန်စွမ်းများအတွက် ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာမှ DAHW ပံ့ပိုးမှု့နဲ့ အတူ Shwe Minn Thafoundation (myanmar)ဟင်္သာတ ရုံးခွဲမှဥက္ကဋ္ဌ ဦးထွန်းမင်းလတ် ဦးဆောင်၍ မသန်စွမ်းသူများအတွက် တစ်လစာ ဆန် ၁ အိပ်၊ဆီ၁ ပိဿာ၊ ကုလားပဲ ၁ ပိဿာ၊ ငါးခြောက် ၅၀ ဿား ၊ အာလူး ၁ပိဿာဆား ၅၀ ဿား၊ ကြက်ဥ ၂၀ လုံးကို ထောက်ပံ့ခဲ့ရာ ယမန်နေ့က စားဝတ်နေရေးခက်ခဲ နေသောမသန်စွမ်း သူ ၃၀ ဦးအတွက် ထောက်ပံ့ပေးခဲ့သည်။
Nov 18,2021
ကျိုက်ထိုမြို့နယ်တွင် (၇၂)ကြိမ်မြောက် ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မဟာဘုံ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့ နေ့လည်(၁၂)နာရီ (၃၀)မိနစ်ခန့် တွင်ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန် ၌ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2021
မြန်မာနိုင်ငံပြည်သူအများ တက္ကသိုလ်ပညာ မသင်ကြားနိုင်အောင် ကန့်သတ်ထားသော ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင် သပိတ်မှောက်ခဲ့သောနေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ သည်မှာ ယနေ့ဆိုလျှင် (၁၀၁) နှစ်မြောက်ပြီဖြစ်သည်။ အမျိုးသားနေ့ ဟူသည်ကား ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ ယူနီဗာစီတီ အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်၊ ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာလ (၅) ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်(ယုဒသန်) ကောလိပ် ကျောင်းသားများသည် ကန့်ကွက် သပိတ် မှောက်ဆန္ဒပြခဲ့သော နေ့ကြီးဖြစ်သည်။
Nov 18,2021
ယနေ့ကျရောက်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ ကျောက်တန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ် စေတီတော်၌ ဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်ကား လျက်ရှိသည်။