မိုင်းယန်း နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၂၀)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝိန်းလိတ်ရပ်ကွက် အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
ထိုသို့ စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်လာသူ အလှူရှင်ဧည့်ပရိတ်သတ်များမှ “နမောတဿ” သုံးကြိမ်းရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ နမ့်ခေးမိုင်သာသနာပြုဆရာတော် ဘဒ္ဒန္တပညာနန္ဒ “သာသနဓဇဓမ္မာစရိယ”ထံမှ ရှစ်ပါးသီလနှင့် ကထိန်အနုမောဒနာ တရားတော်ကို နာယူခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်တို့အား အလှူရှင်များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းဖွယ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဠတု” သာသနာပြုအဓိဌာန် သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး