အင်္ဂပူ နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အင်္ဂပူမြို့နယ်လုံးဆိုင်ရာစုပေါင်း မဟာဘုံကထိန်ပွဲတော် ကို ယနေ့နံနက်၈နာရီကအင်္ဂပူမြို့ဇေယျသုခကျောင်းတိုက်တွင်ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားကို ကြွရောက်လာသောသံဃာတော်အရှင်မြတ်များနှင့်မြို့ နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့်အလှူရှင် များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တမဏ္ဍလအရှင်သူထံမှ ငါးပါးသီလခံယူဆောက် တည်ကြ သည်။ထို့နောက် ကြွရောက်လာသောဆရာတော်အရှင်သူမြတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကထိန် သင်္ကန်းများဆက်ကပ်လှုဒါန်းခဲ့ပြီးမြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌဘဒ္ဒန္တ ရေဝတဓမ္မ(မဟာသဒ္ဒမ္မဇောတိကတဇ)ထံမှ လှူဒါန်းမှုအစုစုအားရေ စက်ချ တရားချီးမြှင့်ခဲ့သည်။ ထို့ နောက် အခမ်းအနားအားဗုဒ္ဓသာသနံ စိရံ တိဠတု ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားအားရုပ်သိမ်းခဲ့သည်။
အင်္ဂပူမြို့နယ်လုံး ဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတွင် မြို့နယ်အတွင်းရှိ ကထိန်အာနိသင်မရရှိ သောဘုန်းကြီးကျောင်း (၁၅) ကျောင်းအား ပဒေသာပင်(၃၂)ပင်၊ပစ္စည်း+ငွေသားစုစုပေါင်း တန်ဖိုး (၁၁၇၉၁၁၀၀) ကျပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
မန်းကျော်