အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံအတွင်း ယမန်နေ့က တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၏ ကြီးကြပ်မှုဖြင့် Fever Clinic ဆေးခန်းသို့ လာရောက်ပြသသည့်ပြင်ပမှလူနာ(၇) ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT-Test Kit ဖြင့်စစ်ဆေးပေးရာ လူနာသစ်(၄)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိရသဖြင့် တကူ(စံပြ)တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ ဇီဝိတသံဃဆေးရုံ Positive Centre အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသွားအလာကန့်သတ်၍(၁၄)ရက် အကြာစောင့်ကြပ် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန် ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက်တွင် ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
Nov 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်‌ဇမ္ဗူရပ်ကွက်၊ ပြန်ကပြေးဈေးတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အများပြည်သူများ ဖတ်ရှု လေ့လာနိုင်ရန် အတွက် ဈေးရောင်းချသူ၊ ဈေးဝယ်သူပြည်သူများအား အခမဲ့ ဖြန့်‌ဝေပေးခဲ့ကြသည်။
Nov 23,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစ၍ သတ်မှတ်ဆေးထိုးစင်တာ (၁၁)ခုတွင် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
Nov 23,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံးကို နိုဝင်ဘာ ၉ ရက်နေ့မှစ၍ နေ့စဉ်မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
Nov 23,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြဝတီမြို့ ရှိ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၄/ ၂၀၂၁) ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ကြောင်း သိရ သည်။
Nov 23,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်တွင်   “စာဖတ်စည်းစိမ်”   စာအုပ်ဖြင့်စာဖတ်ဝိုင်းကို   ယနေ့ နံနက်(၁၀) နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။