အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၄၀) နှစ် အထက်ရှိသူများအား ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၃)ရပ်ကွက်၊ မဟာ ဗန္ဓုလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၁ဝး၀၀)နာရီ အချိန်မှ (၁၂း၃၀) ထိ (Phase 4)Sinopharm(5 Dose)First Dose ကို ထိုးနှံပေးခဲ့ရာ ယနေ့တွင် စုစုပေါင်း(၂၄၇)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ(၃)ဃ၊ လွိုင်ဆောင်ထောက် ဆေးရုံမှ (၃၄) ဦး၊ ပေါင်း (၃၇) ဦးကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Test Kit ဖြင့်စစ်ဆေးရာ လွိုင်ဆောင်ထောက်တိုက် နယ်ဆေးရုံမှ စစ်ဆေးသည့် သူများအနက် အသက်(၄၅) အရွယ် အမျိုးသားတစ်ဦး ၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်းသိရသည်။
Nov 23,2021
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းရှိအမှတ်(၁) အခြေခံ ပညာအထက်တန်း ကျောင်းတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac) ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉း၀၀) နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင် နိုင်စေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထနောင်းတောကျေးရွာ၌ သွားရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် ဦးစီးမှူး ဦးဇော်မိုးသက်ထံမှ သိရသည်။
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော ပြည်သူများအတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်ကာကွယ်ဆေးများကို Phase-4 ပထမအကြိမ်အဖြစ် ဆေးထိုးစုရပ် (၂)နေရာခွဲပြီး ယမန်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ သတ်မှတ်နေရာများတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူပေါင်း (၁၃၃၇)ဦး ရှိကြောင်း သိရသည်။
Nov 23,2021
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းကို ယနေ့နံနက် ၉နာရီခွဲက ပုသိမ်ကြီးမြို့မဈေးနှင့် အထက ပုသိမ်ကြီးကျောင်းတို့၌ သွားရောက်ဖြန့်ဝေ ပေးလျက်ရှိသည်။
Nov 23,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် အညီမြန်မာနိုင်ငံသား တိုင်ရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး ရေး လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက အိုးလုပ်အရှေ့ ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိ သူများက ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ချောင်းကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။