ကျိုက်ဒုံမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့အကြို အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲ

ကျိုက်ဒုံ  နိုဝင်ဘာ   ၂၃

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ ဆောင်ရွက်ခဲ့ သည်။

ရှေဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားနေ့နှင့်ပတ်သက်သည့် သမိုင်းကြောင်း များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့အကြို အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် (၁၉၂၀) ပြည့်နှစ် ပထမကျောင်းသားသပိတ်အပြီးတွင် ဗဟန်း အမျိုးသား ကောလိပ်ကိုဖွင့်လှစ်ခဲ့ရာ သင်ကြားပို့ချပေးသည့် ဆရာများနှင့် တက်ရောက်ခဲ့သည့် ကျောင်းသားများ မှတ်တမ်းပုံများ၊ (၁၉၂၀)ပြည့်နှစ် သပိတ်၏ အသီးအပွင့်များ အဖြစ် မြန်မာပြည်အရပ်ရပ်တွင် အမျိုးသားကျောင်းများ ပေါ်ပေါက်ခဲ့ရာ အမျိုးသားကျောင်းများ၏ အစ ရန်ကုန်မြို့ရှိ မြို့မကျောင်းပုံရိပ်များ၊ အမျိုးသားနေ့ မှတ်တမ်းပုံများနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)