Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မဘိမ်းမြို့၌ ကျေးရွာမြေငှားဂရန်များ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Nov 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကျေးရွာမြေငှားဂရန်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန် ထုတ်ပေးလျက်ရှိ
Nov 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၉ နာရီ အချိန်က စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများ အသိပေးနှိုးဆော်
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်းမျိုးရိုးဗီဇ ပြောင်းလဲသောရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ကာကွယ်ရေး နည်းလမ်း များကို ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေး နှိုးဆော်တိုက်တွန်း ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ဆည်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 23,2021
တန့်ဆည်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ယနေ့နံနက် ၈ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၂ရက်နေ့ ညနေ ၄နာရီက ကချင်စံပြကျေးရွာနှင့် ပါယောင်းကျေးရွာတို့၌ Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၊ ယာယီဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များ ရောင်းချမှုမရှိစေရန်ကွင်းဆင်းစစ်ဆေး
Nov 23,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့၊ ယာယီပျံကျဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များရောင်းချမှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း ၍ ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားစေရေး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာ ပညာပေးဆွေးနွေးဟောပြော
Nov 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ ပညာပေး ဆွေးနွေး ဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာ မူလတန်းလွန် ကျောင်းနှင့် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်
Nov 23,2021
ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်ရှိ ဝါးခင်းကုန်းဓမ္မာရုံ၌ ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24187
Page
24188
Page
24189
Page
24190
Current page
24191
Page
24192
Page
24193
Page
24194
Page
24195
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department