မဘိမ်းမြို့၌ ကျေးရွာမြေငှားဂရန်များ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မဘိမ်း      နိုဝင်ဘာ     ၂၃    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကျေးရွာမြေငှားဂရန်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း က ကျေးရွာမြေငှားဂရန်များ ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မဘိမ်းမြို့နယ်၊ ကုန်းမခံကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ ၁၁၇ အိမ်၏ အိမ်ခြံမြေပိုင်ရှင်များထံသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၊ မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ထက်အောင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးကိုကို၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီအရာရှိ ဦးကျော်သက်နိုင်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီး အရာရှိ ဦးတင်ညီညီတို့က အိမ်ခြံမြေပိုင်ရှင်များထံသို့ ကျေးရွာမြေငှားဂရန်စာချုပ်များကို ပေးအပ် ခဲ့ကြပြီး အိမ်ခြံမြေပိုင်ရှင်များကိုယ်စား ကုန်းမခံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)