အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2021
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန   မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံ သားစိစစ် ရေးကတ်များကို ဆောင်ရွက်ပေးလျက်ရှိရာ   ယမန်နေ့ နံနက် ၉ နာရီက မုံပင်ဆုံကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့၌      အဖွဲ့နှစ်ဖွဲ့ဖြင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
Nov 14,2021
မကွေးတိုင်းဒေသကြီး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်လမ်းညွှန် အမှာစကား ပြောကြားသည်။
Nov 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်လက်ခုပ်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ကျင်းပသည်။ 
Nov 14,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများစိုက်ပျိုးရေးအတွက်မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ  ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၀ ဒဿမ ၈)  ပေ ခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံကသိရသည်။
Nov 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများ လုံလောက်စွာ ထုပ်လုပ်နိုင်ရန်နှင့် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် စေတနာရှင်အလှူရှင် မိဘပြည်သူများ ပါဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်သော အောက်ဆီဂျင်စက် တပ်ဆင်ပြီးစီး၍ စက်ရုံဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ စက်ရုံအဆောက်အအုံ၌ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပသည်။
Nov 14,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် Women Club အဖွဲ့ဝင်တို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လထုတ် သုတပဒေသာစာစောင်မှ အမျိုးသမီးများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Nov 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ခန့်အပ်သည့် ဝန်ထမ်းသစ်များအား ဌာနတွင်း ဘာသာရပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။