လောက်ကိုင် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ၂၀၂၁− ၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မတ်လထိ)(၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၀ နံနက်(၁၀:၀၀) နာရီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ် ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဒေသစီမံ ကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ဉီးမြင့်ဆွေက အဖွင့်အမှာ စကားပြော ကြားပါသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်က ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မတ်လထိ) (၆)လတာအတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဒေသ၏စီးပွားရေး ပြန်လည်ဦးမော့လာရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်၍ရွက်ကြရန် လုပ်ငန်းစဉ်များကို အစီအမံများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လူမှုဘဝဖွံဖြိုးတိုးတက်ရေးအတွက် အကျိုးရလာဒ်ကောင်းရရှိစေ နိုင်မည့်စီမံကိန်းများကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် နိုင်ရန်ကြိုးပမ်းရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုးကန့်ဒေသစီမံကိန်းဉီးစီးမှူး ဉီးဝေမင်းထက်က ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မတ်လထိ) (၆)လဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများက မိမိဒေသဖွံဖြိုးတိုးတက်ရေးအတွက် အဆိုပြုလုပ်ငန်းစီမံကိန်းများကို ကဏ္ဍအလိုက် လျာထားရေးဆွဲမှုများ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဉီးမြင့်ဆွေက စီမံကိန်းရည်မှန်းချက်များတာဝန်များအား သက်ဆိုင်ရာဌာနများသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဒေါ်နန်းမြမြဝင်း (ဦးစီးအရာရှိ)