Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
“၁၀၁”နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများအသိပညာပေး Talk Showကျင်းပ
Nov 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “၁၀၁”နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိ ပညာပေး Talk Showကို မအူပင်ခရိုင်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ၃နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြိုနယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Nov 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်စံအောင် ဈေး အတွင်းရှိ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Nov 23,2021
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ပြုလုပ်
Nov 23,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဖြူးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Nov 23,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ဗြိတိသျှတို့၏ ကျွန်ပညာရေးစနစ်ကို (၁၉၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ ၅ ရက်)နေ့တွင် ဆန့်ကျင်သပိတ်မှောက်ရာမှ သတ်မှတ်ခဲ့သည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နေ့လယ် (၂)နာရီအချိန်က ကျင်းပခဲ့ရာ ဦးခင်မောင်မျိုး၊ ဥက္ကဋ္ဌ၊ မြို့နယ်စာရေးဆရာအသင်း၊ ဦးသန်းမြင့်၊ ဦးစိုးသိန်း၊ ဦးဝင်းထွဋ်နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ သံဃာတော်များပါ လာရောက်ထိုးနှံ
Nov 23,2021
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အချိန်နှင့်တစ်ပြေးညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် အုပ်စုအလိုက် ဒုတိယအသုတ် ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းတို့ကို မြို့နယ်ကမ္ဘောဇခန်းမနှင့် OSS (one stop shop) ရုံးတို့တွင် တစ်ပြိုင်နက်တည်း ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဉတ္တရသီရိမြို့နယ်၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Nov 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြော ပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်ရွေး အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများအား ထပ်ဆင့် ဂုဏ်ပြုပူဇော်ခြင်း အခမ်းအနားကျင်းပ
Nov 23,2021
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခြင်း ခံယူရရှိတော်မူခဲ့သည့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်တစ်ပါး၊ စေတိယဂ်ဏသြဝါဒါစရိယဆရာတော်နှစ်ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓအလှူခံ ဆရာတော်(၃)ပါးတို့အား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း “ဂုဏပူဇာ” အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း တွင် စေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24179
Page
24180
Page
24181
Page
24182
Current page
24183
Page
24184
Page
24185
Page
24186
Page
24187
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department