Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Nov 14,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက မုံပင်ဆုံကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့၌ အဖွဲ့နှစ်ဖွဲ့ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက် ပြည်သူ (၁၉၅)ဦး အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး ကို အသက် (၁၈)နှစ် အထက် ပြည်သူများအား ဒုတိယအကြိမ် (၉) ရက်နေ့အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး
Nov 14,2021
ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ် သမတ်ပြေကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၀)ခု အား နေ့ချင်းပြီး ဆောင်ရွက်ပေး
Nov 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ် နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သမတ်ပြေကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Nov 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စာပေချစ်မြတ်နိုးသူမျာအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မဟာရွှေသိမ်တော် ဆုတောင်းပြည့်မြတ်စွာဘုရား အနေကဇာတင်ခြင်းနှင့် ဂန္ဓကုဋိ ကျောင်းဆောင်တော်ကြီး မျက်နှာကျက်ရေစက်ချအခမ်းအနားကျင်းပ
Nov 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကြီးကျေးရွာ မဟာရွှေသိမ်တော် ဆုတောင်းပြည့် မြတ်စွာဘုရား အနေကဇာတင်ခြင်းနှင့် ပင်မကျောင်းဆောင်တော်ကြီး၏ ဆင်ဝင်တော် မျက်နှာကြက်အား ရွှေဇာဝါယွန်းဖြင့် အလှဆင်ကပ်လှူခြင်း၊ ပင်မကျောင်းဆောင်တော်ကြီး မျက်နှာကြက် တစ်ခုလုံးအား ရွှေရောင် စတီးပြား မြန်မာမှုပန်းများဖြင့် အလှဆင်ကပ်လှူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၇)နာရီက မဟာရွှေ သိမ်တော်ဘုရား ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်တွင် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ပျူတာအဆင့်မြှင့်တင် သင်တန်းဖွင့်လှစ်သင်ကြား
Nov 14,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ပျူတာ အဆင့်မြှင့်သင်တန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရ သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် အသက်(၅၅)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် (၁၆၃၃၅)ဦး ထိုးနှံပေးပြီးဖြစ်
Nov 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း အသက်(၅၅)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား ဒုတိယအသုတ်၊ ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ(၁၃)ရက်နေ့အထိ (၁၆၃၃၅)ဦး ထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24172
Page
24173
Page
24174
Page
24175
Current page
24176
Page
24177
Page
24178
Page
24179
Page
24180
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department