Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မွေးစမှစ၍ အသက် (၁) နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးပေးခြင်းလုပ်ငန်းများကို ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရ…
Aug 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မွေးစမှ အသက် (၁) နှစ်ခွဲ ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀) အတွင်း အလှည့်ကျဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က သာယာကုန်းရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် Cash for work စီမံကိန်းကြောင့် အိမ်ထောင်စု ၂၂၀၀ ကျော်ဝင်ငွေရရှိမည်
Aug 09,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိကျေးရွာ (၁၄) ရွာ ဇူလိုင်လနောက်ဆုံးပတ်မှ ယခုလကုန်အထိဆောင်ရွက်မည် Cash for work စီမံကိန်းကြောင့် အဆိုပါ ကျေးရွာများရှိ အိမ်ထောင်စု ၂၂၀၀ ကျော် အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ ဝင်ငွေရရှိမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၃၉)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက် လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၇ ရက်နေ့၊ ညနေ (၆) နာရီ အချိန်က (၁၆)ဉီးနှင့် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲ အချိန်က(၂၃)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၃၉)ဉီးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ် ပတုပ်ကျေးရွာအုပ်စု ဦးကြာမှိုင်းပတုပ်ကျေးရွာတွင် ကျွဲနွားမွေးမြူရေးသင်တန်းဖွင့်လှစ်
Aug 09,2020
ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ကန့်သတ်ချက်များ ဖြေလျှော့ပြီးနောက် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပတုပ်ကျေးရွာ အုပ်စု ဦးကြာမှိုင်း ပတုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျွဲနွားမွေးမြူရေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှ ကွင်းဆင်း စစ်ဆေး
Aug 09,2020
နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကြေညာထားရှိခြင်း ဖြစ်ရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ မဲစာရင်းကပ်ထား ကြေညာမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတို့က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ် အမှတ် ၁၁ ရပ်ကွက် မြို့မဈေး သောက်သုံးရေကန်အား သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်
Aug 09,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ပိုလျှံရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှကြီးကြပ်ပြီး အမှတ် ၁၁ ရပ်ကွက်ရှိမြို့မစျေးကန်အား အဆင့်မြင့်တင်ခြင်းနှင့် စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပေစေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီပဲယင်းမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၁၁၈၈၉၉) ဦးရှိ
Aug 09,2020
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ် ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများကြည့်ရှုနိုင်ရန် ဒီပဲယင်း မြို့မစည်ပင်သာယာစျေး၊ မြို့အတွင်း၌လည်းကောင်း စိုင်ပြင်မြို့စည်ပင်သာယာစျေးရှေ့တို့တွင် ရွေးကောက်ပွဲမဲစာရင်း ကပ်ထားကြေညာမှုတွင် မိမိအမည်မပါခြင်း၊ အချက်အလက်အမှားများ ပြင်ဆင်ရန်၊ မပါဝင်သင့်သူများ ပါရှိက ပယ်ဖျက်ရန်ပုံစံများကို မည်သို့ဆောင်ရွက်ရမည်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ နိုးဆော်ခဲ့ပါ သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေး မိုဘိုင်းယာဉ်ဖြင့် အသိပညာပေး ဆောင်ရွက်
Aug 09,2020
အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (စစ်ကိုင်း)မှကြီးမှူး၍ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၏ အချက်အခြာကြသည့် နေရာများတွင် မိုလ်ဘိုင်းယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30107
Page
30108
Page
30109
Page
30110
Current page
30111
Page
30112
Page
30113
Page
30114
Page
30115
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department