Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ (၁၉)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကျင်းပ
Nov 18,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ (၁၉)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ည ၆ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းရှိ ရက်ကန်းစင်မဏ္ဍပ်၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 18,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်၊ မိုင်းယောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက ဟောင်ကြန့် ကျေးရွာအုပ်စုမှ ဒေသခံပြည်သူ(၃၂)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေး
Nov 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းလုံမြို့ ဈေးရပ်ကွက်တွင် သွားရောက် ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် အများပြည်သူ အလှူရှင်များ စုပေါင်း၍ (၁၅)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
Nov 18,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များနှင့် ပြည်သူလူထုများ စုပေါင်း၍ (၁၅) အကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကို ယနေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၆ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ မြဧရာ (၁)ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ ရခိုင်ရိုးရာစဉ်လာမပျက်နှစ်စဉ်ကျင်းပပြုလုပ်သော ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရား၊ ပုထိုးစေတီများ၌ သင်ပုန်းဆွမ်းကပ်လှူပူဇော်
Nov 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်တိုင်လပြည့်နေ့၌ ရခိုင်ရိုးရာစဉ်လာမပျက်ကျင်းပပြုလုပ် လျက်ရှိသော သင်ပုန်းဆွမ်းကပ်လှူပူဇော်ပွဲကို မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ယနေ့ နံနက် ၅ နာရီအချိန်မှစတင်၍ သင်ပုန်းဆွမ်းများကပ်လှူပူဇော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်ဆီမီး ၁၀၀၀၊ ပန်း၁၀၀၀၊နံ့သာ၁၀၀၀ ကပ်လှူပူဇော်ပွဲကျင်းပ
Nov 18,2021
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် ပန်း၁၀၀၀၊ နံ့သာ၁၀၀၀ ကပ်လှူပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၂၂)ကြိမ်မြောက် သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်လျက်ရှိ
Nov 18,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၂၂)ကြိမ်မြောက် သမိုင်းဝင်မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း (၁၄)ရက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ မြို့မပရိယတ္တိ စာသင်တိုက်၊ လောကမာရဇိန်သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်နေ့တွင်နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်း၌ဘုရား ဖူးပြည်သူများစည်ကားလျက်ရှိ
Nov 18,2021
တန်ဆောင်မုန်းလပြည့်နေ့တွင်ဗုဒ္ဓမြတ်စွာဘုရားအားပူဇော်သည့်အနေဖြင့်နတ်မောက်မြို့နယ်အ တွင်းရှိတန်ခိုးကြီးဘုရားများ၊ဘုရားကျောင်းကန် စေတီပုထိုးများ၌ကုသိုလ်ပြုကြသူများ ဖြင့်စည် ကားလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24090
Page
24091
Page
24092
Page
24093
Current page
24094
Page
24095
Page
24096
Page
24097
Page
24098
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department