Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်လတ်မြို့နယ်ကျုံသိဝကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ(၂၅၇)ဦးအား နေ့ချင်းပြီးဆောင်ရွက်ပေး
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်၉ နာရီက ကျုံသိဝ ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ (၁၇)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ကျင်းပ
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ (၁၇)ကြိမ်မြောက် ဌာနဆိုင်ရာ ရုံးပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ကို ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းကကျင်းပရာ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အောင်ဆန်းရပ်ကွက်၊ မြို့ဦးကျောင်းတိုက်သို့ ကထိန်ပဒေသာပင်ကို စုပေါင်းပို့ဆောင် ကထိန်ခင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့တွင် အကြိမ်(၃၀)မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ကျင်းပ
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အကြိမ်(၃၀)မြောက် မြို့နယ် ဌာန ဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲကို အမှတ်(၁)ရပ်ကွက် မဟာဝိသုတာရာမ (ဥယျာဉ်ကြီး) ကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယနေ့ တန်ဆောင်မုန်း လပြည့် နေ့ နံနက်(၆)နာရီမှ စတင်၍ မြို့နယ်လုံးဆိုင်ရာ (၃၅)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်တွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေး နှိုးဆော်
Nov 18,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကြိုတင် ကာကွယ်၍ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် တောင်ပိုင်းရပ်ကွက်နှင့်မြောက်ပိုင်းရပ်ကွက်တို့တွင် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသော ဌာနဆိုင်ရာများနှင့် မြို့သူ/မြို့သားများ၏ (၃၃) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲကို ကျင်းပပြုလုပ်ရာ ယမန်နေ့က စုပေါင်းပဒေသာပင်များကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်အသီးသီးမှ ကိုဗစ်-၁၉ ရောဂါ သတ်မှတ် လမ်းညွှန်ချက်များနှင့်အညီ ကျွန်းစုမြို့၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ သီးခြားပို့ဆောင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ ဒသမအကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူပွဲပြုလုပ်
Nov 18,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒသမအကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူနှင့်ရေစက်ချအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ မြို့မသာသနာ့ရောင်ခြည်ကျောင်းတိုက်တွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌(၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်ပွဲ ကျင်းပ
Nov 18,2021
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့တွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ၏(၃၃)ကြိမ် မြောက်စုပေါင်း မဟာဘုံကထိန် အလှူတော်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ဆင်ပေါင်ဝဲ မြို့အမှတ်(၂)ရပ်ကွက် သတိပဌာန်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24086
Page
24087
Page
24088
Page
24089
Current page
24090
Page
24091
Page
24092
Page
24093
Page
24094
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department