အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် တပ်ရင်း များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 18,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သော ယနေ့ နံနက် ၄ နာရီ၌ အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တမထေရ် မြတ်ကြီးကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုဝင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့ နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၀.၈)ပေခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
Nov 18,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို  နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ  ဝါလကင်းလွတ်   သီတင်းကျွတ်မီးထွန်း ပွဲတော် အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလ   အခါတော်နေ့)မတိုင်မီ   (အဖိတ်နေ့)နှင့် လပြည့်နေ့တို့တွင်ဆီမီးများထွန်းညှိပူဇော်ခြင်း၊နံနက်အရုဏ်တက်ချိန်  ရှင်ဥပ္ပရုတ္ထ မထေရ်မြတ်အား ဆွမ်းအိုးမျှော်ကပ်လှူပူဇော်ခြင်းနှင့်  မြန်မာလူမျိုးတို့၏   ရိုးရာယဉ်ကျေးမှု     ဓလေ့တစ်ခုဖြစ်သည့် အခါကြီး၊ ရက်ကြီးတွင်ဘုရားဖူးပြည်သူများ၊ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒီသာများ ဖြင့် ရပ်ကွက်/ကျေးရွာလမ်းအလိုက်များတွင် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြသည်။
Nov 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပျဉ်ထောင်တွင်းကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၂)ကတ်အား ဒေသခံပြည်သူများထံလက်ဝယ် အရောက် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေပြည်တန်ခမ်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊အသင်းအဖွဲ့များ၊ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ၏ (၃၂)ကြိမ်မြောက်စုပေါင်းဘုံကထိန်နှင့် ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၅ နာရီအချိန်က ကျင်းပခဲ့ ကြောင်းသိရသည်။
Nov 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ များ စုပေါင်းမဟာဘုံကထိန် ဆပ်ကပ်လှုဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီက သာယာဝတီမြို့ ကျိုက်ထို ဇောတိကာရုံကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဟိုနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Nov 18,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယမန်နေ့ နံနက် ၉ နာရီက မြစန္ဒာရပ်ကွက်အမှတ် (၇)၊အခြေခံပညာ အထက်တန်း ကျောင်းခွဲ တွင်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။