ကြံခင်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြပွဲတွင် စာပေချစ်မြတ်နိုးသူများBook Clubအသင်းဝင်အဖွဲ့များ၊ Youth Club အသင်းဝင် အဖွဲ့များနှင့် စာပေဖတ်ရှု့လေ့လာသူပြည်သူများမှ ခင်းကျင်းပြသထားသော သုတစာအုပ်မျိုးစုံ၊ ရသစာပေ များ၊ အပျော်ဖတ်ရုပ်ပြ၊ ကာတွန်းများအားလာရောက်ကြည့်ရှု့ကြကြောင်းသိရသည်။
ထိုနောက် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်ပြသရာတွင် ၂၀၂၁၊ခုနှစ် (၁၀၁)နှစ်မြောက်အမျိုးသားနေ့ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ အထမ်းအမှတ် ဆောင်ပုဒ်၊ အမျိုးသားပညာရေး၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရေး မှတ်တမ်းဓာတ်ပုံများအားအသိပညာပေးပြသထားကြောင်းနှင့် အဆိုပါပြသထားခြင်းကို(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (၂၉-၁၁-၂၀၂၁)ရက်နေ့ထိ ပြသထားမည်ဖြစ်ကြောင်းနှင့် နံနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲထိ ၊ စာပေဝါသနာရှင်များလာ ရောက် လေ့လာနိုင်ရန် ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Online page မှကြော်ငြာပေးထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)