ညောင်လေးပင် နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ ၃နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ် ၍ Online မှတဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာပေး Talk Showကို မြို့နယ်ဦးစီးမှူး ဒေါ်နီနီ၀င်းက အမျိုးသားအောင်ပွဲနေ့ စတင်ပေါ်ပေါက်လာပုံ၊ ကျောင်းသားသပိတ်မှောက်ရာမှအစပြု၍ အမျိုးသားရေးစိတ်ဓါတ်များ ပိုမိုရင့်သန်လာပြီး အမျိုးသားကျောင်းများပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲ နေ့၏အနှစ်သာရများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)