ရန်ကုန် နိုဝင်ဘာ ၂၆
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကကြီးမှုးကျင်းပသောဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲနှင့် Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲအား ပြည်သူများက လှည့်လည်ကြည့်ရှု့ကြပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show အစီအစဉ်အား ဆက်လက်ကျင်းပရာ သန်လျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဦးစီးအရာရှိ-တာဝန်ပေး) ဦးအောင်တင်နှင့် မြို့နယ်စာရေး ဆရာအသင်း (အတွင်းရေးမှုး) ဦးသော်ဝင်းကြည် (သော်ဝင်းကြည်-ရေနံချောင်း)တို့က အမျိုးသားနေ့အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊အမျိုးသားရေးစိတ်ဓာတ်၊အမျိုးသားပညာရေးနှင့် ၂၀၂၁ ခုနှစ်(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော''သတင်းစကား" လက်ကမ်း စာစောင်များကို ပြည်သူများ ၊ကျောင်းသား၊ ကျောင်းသူများသို့ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်