ရမည်းသင်းမြို့နယ် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး(၀.၁၀)စံကွက်ရိတ်သိမ်း တစ်ဧကပျမ်းမျှ (၁၃၈) တင်း ထွက်ရှိ

ရမည်းသင်း   ဒီဇင်ဘာ   ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ဒေသတွင်း စားနပ်ရိက္ခာ ဝမ်းစာဖူလုံရေး၊ တောင်သူလယ်သမားများ မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာ ထွက်ကုန်များ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးမျိုး ကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက သင်ပန်းကုန်းရွာမ ကွင်းအမှတ် (၁၁၆၆-က)၊ ဦးပိုင်အမှတ် (၇၁/၁) တောင်သူ ဒေါ်ခိုင်မာဝင်း၏ မိုးစပါးစံပြကွက် မနောသုခ (၆.၁၃)ဧက စိုက်ခင်းတွင် (၀.၁၀)ဧကကို စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက မနောသုခစပါး(၁၃၈) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် သင်ပန်းကုန်းအုပ်စု ချုပ်မိုးစပါးစိုက်ပျိုးထားသည့်ဧက စုစုပေါင်း (၁၁၇၃)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦဝင်းချိုထံမှ သိရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)