အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ယ​နေ့နံနက်ပိုင်းကကိုဗစ်-၁၉​ကာကွယ်၊ ထိန်းချုပ်၊ကုသ​ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မ​စျေးရှိ​​စျေးဆိုင်ရှင်များ၊ မြို့တွင်း ဝင်/ထွက်သွားလာသူများ၊ ပိုး​တွေ့လူနာများ၏မိသားစုဝင်များ၊ Contactထိ​တွေ့သူများစုစု​ပေါင်း လူဦးရေ(၇၁)ဦးအား RDTtestkitဖြင့် စစ်​ဆေးရာကိုဗစ်-၁၉​​ရောဂါပိုး(၁)ဦး တွေ့ရှိခဲ့​ကြောင်း သိရသည်။
Dec 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မသန်စွမ်းဆိုင်ရာသိကောင်းစရာများ သိရှိစေရန် ရည်ရွယ် ၍ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမြို့ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်
Dec 03,2021
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများလျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်လျှက်ရှိရာ တနင်္သာရီတိုင်းဒေကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကမ်းတော ကျေးရွာတွင် Mega Gobal Green ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိသည့်လုပ်ငန်းခွင်သို့ ကော့သောင်းခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ ဒီဇင်ဘာလ ၂ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Dec 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်ခန်းမ အရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ် ခရီးသွား မိဘပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာ သွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်​ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများကွင်းဆင်း​ဆောင်ရွက်​ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ခရေကန်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယူရီးယားဓါတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝေါမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ လူစည်ကာသည့် လမ်းဆုံလမ်းခွနေရာများတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 03,2021
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။