အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2021
ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးသူ/သားများ ပူးပေါင်း၍ မီးငြိမ်း သတ်မှု ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့ ညနေ ၂ နာရီအချိန်က အမှတ် (၃)ရပ်ကွက်၊ မြို့မဈေးကြီးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသ ဆောင်ရွက်ထားခဲ့သည်။
Dec 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ ဘောဘောခီးကျေးရွာအဝင် လမ်းပေါ် တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ပထမပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Dec 16,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask)မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး(MaskCamapaign)ကို ယနေနံနက်၈နာရီအချိန်တွင် လူစည်ကားရာ နေရာများဖြစ်သော အနော်ရထာလမ်းနှင့် အထက(၈)ကျောင်းရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။
Dec 16,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သည့် သူများအား စတုတ္တအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Dec 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာပေမှရရှိသည် အကျိုးကျေးဇူးများကို သိရှိစေရန်နှင့် နေ့ထူးနေ့ မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်း (၈) နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။