Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန့်ဟီးရိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Dec 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် (၈၄) ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 16,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ် (၂ ) ရပ်ကွက် မြို့မအားကစားကွင်း၌ ယနေ့နံနက် ၇ နာရီက (၈၄) ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီခရိုင်အတွင်းရှိ ဆုံဆည်းမြိုင်ကျေးရွာတွင် ယခုနှစ် ပဲတီစိမ်းစိုက်ပျိုမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မဲကုလားကျေးရွာအုပ်စု၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ပဲတီစိမ်းသီးနှံ စိုက်ပျိုး မှုမှ ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်
Dec 16,2021
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီသော နိုင်ငံခြားမျိုးဝင်သစ်ခွပန်းမျိုးစုံ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွာငယ်ရပ်ကွက်ရှိ “တော်ဝင်ချယ်ရီ” သစ်ခွခြံ၌ ထိုင်းနိုင်ငံမျိုးဖြစ်သည့် သစ်ခွပန်းမျိုးစုံနှင့် သစ်ခွပျိုးပင်များအား ပျိုး ထောင်စိုက်ပျိုးရောင်းချလျက်ရှိရာ အနီးပတ်ဝန်းကျင်မှ ဒေသနေပြည်သူများ ထိုစိုက်ပျိုးရေးခြံ၌ လာရောက်လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေသည့်အပြင် ကိုဗစ်ကာလ မိသားစု စား၊ ဝတ်၊ နေရေး၊ လူမှုစီးပွား ဘဝအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ လူမှုဝန်ထမ်းအမျိုးသမီး စောင့်ရှောက်ရေး ဂေဟာရှိ အမျိုးသမီးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း၍ ပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ယာများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Dec 16,2021
နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ချက်များအား စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စုကလိမြို့ မီးသတ်ဦးစီးဌာနမှ သန္တေမီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ် ကျော်သူမိုးမှ ဦးဆောင်၍ မီးဘေးလုံခြုံရေးနှင့် အသိပညာပေးဆွေးနွေးနှိုးဆော်ချက်များအား ယနေ့နံနက် ၉ နာရီအချိန်က စုကလိမြို့ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ ပြည်သူ့စာကြည့် တိုက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲ-ကြာအင်း-အင်းကြား- ကျောက်ချက်-မကြီးကန်-ဒဂုံမှော် လမ်းပေါ်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆လဘတ်ဂျက်) အတွင်း ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ၁၀’ Box Culvert တည်ဆောက်နေမှုအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ကျေးလက် လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးပန်သုမောင်နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်အရည် အသွေးများနှင့် ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23745
Page
23746
Page
23747
Page
23748
Current page
23749
Page
23750
Page
23751
Page
23752
Page
23753
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department