အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်စာအုပ်စာ စောင်/နံရံကပ် ပြပွဲများပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံ(၁၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြုလုပ် ဆောင်ရွက် ကြောင်း သိရသည်။
Dec 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့မဈေး၊ ယာယီပျံကျဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
Dec 16,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့ နံနက်၉နာရီက မြို့ အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့်ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံမြို့ပေါ်နှင့်ကျေးရွာများတွင် နေထိုင်သည့် အသက်၁၈နှစ်နှင့်အထက် ပြည့်ပြီး ပြည်သူ (၂၅၀) ဦး၊ယမန့်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူ(၂၅၀)ဦး ဆဋ္ဌမအသုတ်၊ ပထမ အကြိမ် အသက်၁၈နှစ်နှင့်အထက်ပြည့်ပြီး၊ စုစုပေါင်းပြည်သူ (၅၀၀) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပေးခဲ့ကြောင်း သိရသည်။
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဖျာပုံခရိုင်ဆည်မြောင်းဦးစီးဌာနသို့ ယနေ့နံနက် ၁၀နာရီချိန်က Mobile စနစ်ဖြင့် စာအုပ်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေးခဲ့ကြသည်။