အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2021
ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများအား အတွေးအခေါ်များ မြင့်မားလာစေရေး၊ ယှဉ်ပြိုင်လိုစိတ်များ ရှိလာစေရေးနှင့် ဌာနတွင် စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုအား သိရှိပြီး စာအုပ်စာပေများအား ဖတ်ရှု့လေ့လာခြင်း အလေ့အထများ ရှိလာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။
Dec 16,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်(ပြန်/ဆက်)ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ် များပူးပေါင်း၍ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး “စာဖတ်ဝိုင်း”ကို ယမန်နေ့နံနက် (၁၁)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 16,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေး အမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း များကို အစဉ်အမြဲ ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Dec 16,2021
ရှမ်းပြည်နယ်( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ရန်အတွက် နောက်ဆုံးကျန်ရှိနေသော ဟိုလွိုင်ကျေးရွာအုပ်စု ၊ မြဲလွန်ကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Dec 16,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းပြားမြို့ ရာမောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပေါက်ကုန်းကျေးရွာနှင့် လက်ပံ တစ်ပင်ကျေးရွာများမှ အိမ်ထောင်စုများ သောက်သုံးရေအခက်အခဲ မဖြစ်ပေါ်စေရန်အတွက် မင်းဘူး ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သောက်သုံးရေဂါလံ ၉၆၀၀ ကို ဝယ်ယူပြီး ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 16,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေ မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန်၊ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များ မျှဝေတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Dec 16,2021
ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များ စိစစ်သုံးသပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။