အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2021
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန် နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန် Handspeaker ဖြင့် အသိပေးကြေညာခြင်းကို ယနေ့နံနက် ၁၁ နာရီက မန္တလေး၊ ချမ်းအေး သာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အမှတ်(၁) ရပ်ကွက်ရှိ မြတ်စေတနာဘိုးဘွားရိပ်သာသို့ ယမန်နေ့ နေ့လယ်ပိုင်းက အာဟာရဒါနနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်−၁၉ ရောဂါမျိုးကွဲ အိုမီခရွန်အကြောင်း အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Dec 15,2021
ပျော်ဘွယ်မြို့နယ်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့သည် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် (omicron) ရောဂါပိုးအား သတိပြု ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့သစ်ရပ်ကွက် အတွင်း ဆောင်ရွက်ခဲ့ကြသည်။
Dec 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ဒီဇင်ဘာ  ၁၃ ရက်နေ့ ညနေ ၂ နာရီခွဲ အချိန်တွင်ဂိမ်း (သံပုံးရိုက်) ပြိုင်ပွဲအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ ကြောင်းသိရသည်။