အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2021
ကလေးသူငယ်များ စာအုပ်စာစောင်နှင့် မကင်းဝေးပဲ ပိုမိုရင်းနှီးကျွမ်းဝင်လာစေရေး၊ စာအုပ်စာစောင်များ ပိုမိုချစ်မြတ်နိုးတတ်လာစေရေး၊ အားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း Online ဝန်ဆောင်မှု လုပ်ငန်းများကို ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ Facebook Page မှတစ်ဆင့် အရှိန်အဟုန်မြှင့် လွှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 16,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကို ကြိုတင်ကာကွယ်ကြရန် ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၃) ဈေးရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား ယမန်နေ့ နေ့လည် ၁ နာရီအချိန်က စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ကြရန် လက်ပံဦးကျေးရွာအုပ်စုနှင့် ဖောင်လင်းကျေးရွာအုပ်စုများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
Dec 16,2021
သထုံခရိုင်၊ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းကပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦး စီးမှူးရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးသိန်းထွဋ်​အောင် ဦးဆောင်သော ဝန်ထမ်းများ ကကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြသည်။
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ နွားမေထုန်မဲ့ သားစပ်နည်းသင်တန်းကို ယမန်နေ့က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး ခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၌ ယနေ့ နံနက် ၁၀ နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
Dec 16,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရေး ကလေးငယ်များ အချင်းချင်း ပူးပေါင်းပါဝင်ဆောင်ရွက်သော