ကံမမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်ခင်းကျင်းပြသ

ကံမ  ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး သရက်ရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိမြေစိုက် နံရံကပ် ပြဘုတ်တွင် ပြည်သူများသိရှိစေရန် အသိပညာပေးနံရံကပ်စာစောင် များပြသလျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစည် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများ ကို ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ချမှတ်၍ ဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများအား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့်သိရှိနိုင်စေရန် ရည်ရွယ်၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါသည့် ဆောင်ရွက်ချက်ဗီနိုင်း ပိုစတာနှင့် ဦးတည်ချက် (၉) ရပ်ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများပါဝင်သော ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထား ခြင်းဖြစ်ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)