Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒိုက်ဦးမြို့မစျေး မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနား ကျင်းပ
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့မစျေး မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ဒိုက်ဦးမြို့မစျေးကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြေပုံမြို့နယ်၌ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြော
Dec 16,2021
ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်သူများငါးရိက္ခာဖူလုံစေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ မြေပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတထိန်းသိမ်းရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ က မြေပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန SHWE ANNAWAR Fishery Meeting Hall ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်၌ ငါးသယံဇာတတိုးပွားစေရေး အထ္ထရံမြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ(၁၀၀၀၀၀) စိုက်ထည့်ပေး
Dec 16,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနသည် ခရိုင်အတွင်း ငါးသယံဇာတ တိုးပွားရေး၊ ငါးရိက္ခာဖူလုံရေး၊ ပြည်သူများ ငါးစားသုံးမှု မြင့်တတ်လာစေရေး၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ အလုပ်အကိုင် အခွင့်အလမ်းများ မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ရွှေမြိုင်သီရီရပ်ကွက်၊ မျှော်လင့်ကူတို့ဆိပ် တံတားမှ အထ္ထရံမြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်များ စိုက်ထည့်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး ၍ ကလေးသူငယ်များ ပုံပြင်၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်မြင့် မားစေရေး၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ကလေးများ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့နံနက် (၁၁) နာရီ တွင် မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊စာစောင်ပြသခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်တွင်းကျေးရွာ အ.မ.က ကျောင်းသို့ သွားရောက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ရေး ညွှန်ကြားချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာနှစ်ဘာသာဖြင့…
Dec 16,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၄)နာရီအချိန်၌ ကယားပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်တော်ဈေးတန်း၌ ရောင်းချနေကြသည့် စားသောက်ကုန်နှင့် ဆေးဝါးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Dec 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်တော်ဈေးတန်း၌ ရောင်းချနေကြသည့် စားသောက်ကုန်နှင့် ဒေသထွက်သဘာဝဆေးမြစ်စုံများ၊ လိမ်းဆေးရည်များ၊ ရက်လွန်ဆေးဝါးများနှင့် ကုန်ညွှန်းအမှတ်အသားမပါရှိသည့် ဆေးဝါးများနှင့်စားသောက်ကုန်များ ရောင်းချနေမှုရှိမရှိကို ယနေ့နံနက် (၁၀)နာရီအချိန် က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အများပြည်သူသိရှိနိုင်စေရန် အသိပညာပေးလှည့်လည် နှိုးဆော်
Dec 16,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများအသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများအတွင်း ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23733
Page
23734
Page
23735
Page
23736
Current page
23737
Page
23738
Page
23739
Page
23740
Page
23741
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department