အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၄၀)နှစ်အထက် ရှိသူများအား ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)ထိ Sinopharm (5 Dose) ပထမအကြိမ် ထိုးနှံပြီးသူများအား Second Dose ကို ထပ်မံထိုးနှံပေးခဲ့ရာ ယနေ့တွင် စုစုပေါင်း (၄၆၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 16,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသမီးများ အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်အသုံးပြုတတ်စေရန်အတွက် ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်းသိ ရသည်။
Dec 16,2021
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ် ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ(၆)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ(၁)ဦး၊ အသစ်လဲလှယ်သူ(၁၈)ဦး၊ စုစုပေါင်း(၂၅)ဦးတို့အား ယနေ့နံနက် (၉)နာရီက ထောင်တလုပ်ရပ်ကွက်၊ အောင်သိဒ္ဓိဓမ္မာရုံတွင် စိတ်ကျန်းမာရေး ဆေးရုံဝန်ထမ်း မိသားစုများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 16,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉မျိုးကွဲသစ် အိုမီခရွန်(omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Dec 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ယနေ့တွင် အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေ ချစ်မြတ်နိုးသူပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိသည်။
Dec 16,2021
မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ ကျေးရွာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယမန်နေ့ညနေပိုင်းက ကျေးရွာအရောက် သွားရောက်ကာ ကျေးရွာဒေသဖွံ့ဖြိုးမှုလုပ်ငန်းများကို ကွင်းဆင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။