အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုပထမအကြိမ် (Sinovac) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၀၀)ဦးကို ၎င်းဒုတိယအကြိမ် ကာကွယ် ဆေး(Sinopharm) ထိုးနှံ သူစုစုပေါင်း(၃၆၅)ဦးကို ၎င်းအသီးသီးထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၅)ရပ်ကွက်နေပြည်သူများ လူဦးရေ စုစုပေါင်း(၅၆၅)ဦးတို့အား အသီးသီးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသစ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၁၁)နာရီ အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်အတွင်း ဇာတ်တိုက်​​လေ့ကျင့်ခဲ့​ကြသည်။
Dec 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက စာဖတ်ဝါသနာရှင်ကျောင်းသားငယ်များနှင့် ဝန်ထမ်းများစုပေါင်း၍ စာဖတ် ဝိုင်းဖွဲ့ဆွေးနွေးပွဲကို၊ အဆိုပါရုံးရှိ လူထူအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၁၂)နာရီ မိနစ်(၃၀) အချိန်မှ နေ့လည် (၁) နာရီ မိနစ် (၃၀) အချိန်ထိ (Phase 5)Sinovac (2 Dose) First Dose ကိုထိုးနှံ ပေးခဲ့ရာယနေ့တွင် စုစုပေါင်း(၁၉၄)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက် အတွင်းသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ကျောင်းများတွင် လွတ်လပ်ရေးနေ့ အကြို အားကစား ပြိုင်ပွဲများကို အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)ကျောင်းနှင့် ကျီစု ကျောင်းတို့တွင် ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။