Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၁) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ရရှိ
Dec 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ (၁၄)ဦး၊ လွိုင်ဆောင်ထောက် ဆေးရုံမှ (၃၄) ဦး၊ ပေါင်း (၄၈) ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်ရောဂါပိုး မတွေ့ရှိကြောင်း သိရပြီး မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၇) ဦး၊ ပေါင်း (၁၀) ဦး၊ လွိုင်ဆောင် ထောက်တိုက်နယ်ဆေးရုံမှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၁၁)ဦးဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့ စေပုတ်ကေကျေးရွာတွင် လျှပ်စစ်မီးမိန်းခလုတ်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Dec 21,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်မီးသတ်စခန်းနှင့် ကုန်းလမ်း(၄)မိုင် ခန့်ကွာဝေးသော ဂုံးချွိန်ကျေးရွာအုပ်စု၊ စေပုတ်ကေကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၅၀ အချိန်ခန့်က လျှပ်စစ်မီးမိန်းခလုတ်မှတစ်ဆင့် လူနေတန်းလျား (၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြန်မာ့အလှကုမ္ပဏီပိုင်ခြံဝင်း၌ အစောင့်နေထိုင်သောလူနေတန်းလျားရှိ ဓါးမိန်းခလုတ် Loose ဖြစ်ရာမှ မိန်းခုံလောင်ကျွမ်းပြီး ဝါးထရံသို့မီးကူး စက်လောင်ကျွမ်းခြင်း ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 21,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ဒီဇင်ဘာ ၁၄ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ် စည်ပင်သာယာရေးရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ မြေအောက်ရေအသုံးပြု ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများလာ
Dec 21,2021
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက် ရေတူးဖော် ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ များလာကြောင်း ဖီးကြမ်းငှက်ပျောစိုက် တောင်သူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့မေတ္တာတွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ဆောင်ရွက်
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေလွဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင…
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သမဝါယမနှင့် ကျေး လက်ဖွံဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင် ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုပ္ပားတောင်ကလပ် စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့ လုပ်ငန်းတာဝန်များ လွှဲပြောင်း/လက်ခံခြင်းနှင့် နာယကဆရာတော်ဘုရားကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပ
Dec 21,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ် စေတီတော် ဘဏ္ဍာထိန်း ယာယီဂေါပကအဖွဲ့မှ ဂေါပကအဖွဲ့သစ်သို့ လုပ်ငန်းတာဝန်လွှဲပြောင်းလက်ခံခြင်းနှင့် နာယက ဆရာတော်ဘုရားကြီးများထံမှ ဩဝါဒခံယူပွဲကို၊ ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက မြို့နယ် သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကျောင်းထိုင်သည့် ဥသျှစ်ကုန်းစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23720
Page
23721
Page
23722
Page
23723
Current page
23724
Page
23725
Page
23726
Page
23727
Page
23728
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department