ဒေးဒရဲ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ် စည်ပင်သာယာရေးရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထု စာအုပ်များနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် စာအုပ်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး တစ်ပတ်ပြည့်လျင် စာအုပ်၊ စာစောင်အသစ်များဖြင့် အပတ်စဉ် လဲလှယ် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အေဇာလင်း