Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုဒုံမြို့၌ ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Dec 18,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ပြည်သူများ ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်အတွင်းရှိ ကျောက်တလုံးကျေးရွာနှင့် ဘဲရမ်းကျေးရွာ ဓမ္မာရုံတို့၌ အသိပ ညာပေး ဟောပြောပွဲပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေးအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်
Dec 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေး အတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို မြို့ဝင်၊ မြို့ထွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးစစ်ဆေး ဆောင်ရွက်လျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ပြုလုပ်
Dec 18,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံ နက်(၉)နာရီက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 18,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကသာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းရှိ သင်တန်းသူများအား ယနေ့ နံနက် (၉) နာရီ အချိန်မှစ၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ် ရေးကတ်များ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Dec 18,2021
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီနိုင်ငံသား တိုင်းဥပဒေအရကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် ဒီဇင်ဘာ ၁၇ ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာမှ ပြည်သူများကို အဆိုပါ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ် မော်ချီးတောင်ပေါ်ရွာသို့ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်း…
Dec 18,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်ကမော်ချီးတောင်ပေါ်ကျေးရွာရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်
Dec 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လမိုင်းမြို့အတွင်းရှိ ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုးများ အသိပညာပေးနှိုးဆော်
Dec 18,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23717
Page
23718
Page
23719
Page
23720
Current page
23721
Page
23722
Page
23723
Page
23724
Page
23725
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department