အမြို့မြို့အနယ်နယ်သတင်းများ

May 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်ပြီး ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းများအား မြေသားတာဘောင်မြေဖို့ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်း၊ ကျေးရွာချင်းဆက် လမ်းများပေါ်တွင် တံတားများတည်ဆောက်ပေးခြင်း၊ ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် မင်းစု-စပါယ်တောလမ်းနှင့် ဆက်သွယ်ထား သည့် ရွှေအင်း-ရှင်ငယ်ကျ လမ်းပိုင်းအား ဂင်းကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
May 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် (၄) နေရာ ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
May 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ် မိုးလုံ လေလုံ အားကစားခန်းမ၌ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ ကျောင်းပြင်ပကလေးများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 24,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲတွင် အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်သမဝါယမဦးစီးဌာနတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 24,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အတတ်ပညာများကို လေ့လာသင်ကြား တက်မြောက်နိုင်စေရန် ရည်ရွယ်၍ ပန်းအလှဆင်သင်တန်းကို ပြန်/ဆက်ရုံး ဝန်ထမ်းများနှင့် Women Club အဖွဲ့ဝင်တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရသည်။
May 24,2022
မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်တွင်  ကြက်ခြေနီဆိုင်ရာအသိပညာပေး Talk Show ကိုမေ ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
May 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၆၉) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
May 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် (၄) နေရာ ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။