ရေနံချောင်းမြို့နယ်  လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပန်းအလှဆင်သင်တန်း ဖွင့်လှစ်ပို့ချ

ရေနံချောင်း  မေ   ၂၄

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အတတ်ပညာများကို လေ့လာသင်ကြား တက်မြောက်နိုင်စေရန် ရည်ရွယ်၍ ပန်းအလှဆင်သင်တန်းကို ပြန်/ဆက်ရုံး ဝန်ထမ်းများနှင့် Women Club အဖွဲ့ဝင်တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်နန္ဒာလှိုင်က ဂန္ဓမာပန်း၊ ကြယ်တာရာပန်း၊ မေမြို့ပန်း၊ တောပန်းလေးများကို  ကျောက်ခက်ရွက်များ၊ ရေတမာရွက်များဖြင့် လှပစွာပန်းအလှထိုးနည်း လေ့ကျင့်သင်ကြားပို့ချခဲ့ပြီး ပြန်/ဆက်ရုံး ဝန်ထမ်းများနှင့် Women Club အဖွဲ့ဝင် (၁၀) ဦးတို့က လေ့လာသင်ယူခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ (ပြန်/ဆက်)