နမ့်စန်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း

နမ့်စန်() မေ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲတွင် အမှတ်()ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အမှတ် () ရပ်ကွက်ရှိ မြို့နယ်သမဝါယမဦးစီးဌာနတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ပေးခြင်းတို့နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်၊ စာကြည့်တိုက်မှူးဒေါ်စုလှိုင်ဝင်းနှင့် ပြန်/ဆက်ဝန်ထမ်းများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယခင်အပတ်က ငှားရမ်းပေးထားသော သုတ/ရသစာအုပ်များ ပြန်လည်လက်ခံသိမ်းဆည်းခြင်း၊  စာအုပ်အသစ်များ အခမဲ့ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)