သာစည် မေ ၂၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကြက်ခြေနီဆိုင်ရာအသိပညာပေး Talk Show ကိုမေ ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ကြက်ခြေနီဆိုင်ရာအသိပညာပေး Talk Show တွင် သာစည်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ဖွဲ့မှူးဒေါ်ဝင်းဝင်းလွင်က ကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းစတင်ခဲ့ပုံများ၊ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်၊ ကြက်ခြေနီလုပ်ငန်းစဉ်သုံးရပ်ဖြစ်သော ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခကျ ရောက်သူများကိုကူညီရန်အချက်များ၊ သာစည်မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ဆောင်ရွက်မှုများ၊ ကြက်ခြေနီသင်တန်းနှင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှဒုတိယတပ်ဖွဲ့မှူးဒေါ်ဝင်းဝင်းလွင်တို့ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)