ကျွန်းစုမြို့တွင် ကျောင်းပြင်ပ ကလေးများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကျွန်းစု မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ ကျောင်းပြင်ပကလေးများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ ကျောင်းပြင်ပကလေးများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ၌  ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(COVAXIN) ထိုးနှံပေးလျက်ရှိသည်။

အလားတူ အသက်(၁၈)နှစ်အထက် ပထမအကြိမ် ထိုးနှံပြီးသူ(၅၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး (Aster Zeneca)အား လည်းကောင်း၊ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး၍ (၆)လနှင့်ထက် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Does (COVAXIN/Aster Zeneca) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)