Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 30,2022
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အင်္ဂပူမြို့နယ်၊ တောင်မြန်အောင် တိုးချဲ့ကြိုးဝိုင်း၊ အကွက်အမှတ်(၁၅)တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
May 30,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်း အုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ရမ်းဗြဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာကျော်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် နေကြာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ၌ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း နေကြာစိုက်ပျိုးသည့်တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး (၃၄၄၀၆၉)ဦး ထိုးနှံပြီးဖြစ်
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအားထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ပထမအကြိမ် ကိုဗစ်-၁၉ ရာဂါကာကွယ်ဆေးထိုးပြီးသူ (၁၇၇၅၁၀)ဦး၊ ဒုတိအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူ (၁၅၃၉၀၄) ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၂၆၅၅)ဦး စုစုပေါင်း(၃၄၄၀၆၉)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
May 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မိုးရာသီအတွင်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့ပေါ်အမှတ်(၃)ရပ်ကွက်၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ ပုဂံခေတ်ကတည်ထားကိုးကွယ်ခဲ့သည့် တိန်လယ်အလိုတော်ပြည့်ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေကအ…
May 30,2022
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ရတနာသိမ်ကျောင်းအတွင်းရှိ ပုဂံခေတ်ကျန်စစ်သားမင်းကြီးလက်ထက်ကတည်ထားကိုးကွယ်ခဲ့သော တိန်လယ်အလိုတော်ပြည့်ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်(၇)နာရီက ရတနာသိမ်ကျောင်းဆရာတော်ဘဒ္ဒန္တကေလာသဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာများသို့ သောက်သုံးရေများလှူဒါန်း
May 30,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကန်နီကြီးတဲတိုက်နှင့်အုတ်လှေကျေးရွာသို့ မေ ၃၀ ရက် နံနက် ၉နာရီအချိန်က သောက်သုံးရေဂါလံ(၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင်များထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် သာသနာ(၂၅၀၀) ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်
May 30,2022
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ သာသနာ(၂၅၀၀)ကျောင်း ထိုင်ဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် နဝကမအလှုငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20401
Page
20402
Page
20403
Page
20404
Current page
20405
Page
20406
Page
20407
Page
20408
Page
20409
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department