အမြို့မြို့အနယ်နယ်သတင်းများ

May 29,2022
“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာတစ်မျိုးသားလုံး အမျိုးသားရေး စိတ်ဓာတ်ကို ယုံကြည်ခိုင်မြဲစွာဖြင့် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကို စိတ်ပါဝင်စားလာစေရန်၊ နွေရာသီအားလပ်ရက်များတွင် ကျောင်းသူ၊ ကျောင်းသားများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ မြို့နယ်အားကစားသင်တန်းများမှ မျိုးဆက်သစ်အား ကစား မောင်/မယ်များ ပေါ်ထွက်လာစေရန်၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ရာ အကောင်အထည်ဖော်ဆောင်ရွယ်ရန်
May 29,2022
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ သရက်ချိုကျေးရွာနှင့် ရွာတော်ကုန်းကျေးရွာများ၌ ၂၀၂၂ခုနှစ် ဧပြီ ၂၈ရက်၊ ဧပြီ ၃၀ရက်နေ့ နှင့် မေ ၃၀ရက်နေ့များတွင် မီးဘေးသင့်အိမ်ထောင်စု(၃)စုနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူ(၁)ဦးထံသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မေ၂၉ရက်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတများပေါကြွယ်ဝ၍ ငါးရိက္ခာဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီက ကမ်းနားရပ်ကွက် ကျီးပင်ဆိပ်တွင် ကျင်းပခဲ့သည်။
May 29,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများကို ဇွန်(၂)ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ရာ အဆိုပါအခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်စေရန်နှင့် မြို့ပေါ်ကျောင်းများနှင့်အညီ ကျောင်းဥပဓိရုပ်ကောင်းမွန်လာစေရေးတို့အတွက် ကျောင်းတွင်းကျောင်းပြင် ပြည်သူ့အကျိုးပြုသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ခြင်း
May 29,2022
မိုးကုတ်မြို့နယ် အောင်နန်းရပ် အထက(၁)ကျောင်းကြီး၊ မြသီတာခန်းမတွင် ယနေ့ နံနက် (၁ဝ) နာရီအချိန်က မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ သရက်ချိုကျေးရွာနှင့် ရွာတော်ကုန်းကျေးရွာများ၌ ၂၀၂၂ ခုနှစ် ဧပြီ ၂၈ရက်၊ ဧပြီ ၃၀ရက်နေ့နှင့် မေ ၃၀ရက်နေ့များတွင် မီးဘေးသင့်အိမ်ထောင်စု(၃)စုနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူ (၁)ဦးထံသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 29,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခန့်က ရွှေကူမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။