အမြို့မြို့အနယ်နယ်သတင်းများ

May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရာများဖြင့် ရေစီးရေလာကောင်းမွန်စေရေး တူးဖော်ခြင်းလုပ်ငန်းများကို စာရေးကုန်းရပ်ကွက် မြူရုံးလမ်း၌ ဆောင်ရွက်ပြီးဖြစ်ရာ ပြည်တော်သာလမ်းနှင့် မြူရုံး(B/C)လမ်း၌ ဆက်လက်တူးဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံပေးခြင်းကို
May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စုနှင့် အင်းကလေးကျေးရွာအုပ်စုတို့ချင်း နွေ၊ မိုး၊ ဆောင်း ဆက်သွယ်သွားလာ အသုံးပြုနိုင်မည့် ပေအရှည် (၆၄၀၀'×၈')ရှိ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နိုင်ရေး ယမန်နေ့ နံနက် ၉ နာရီအချိန်ကစတင်၍ တိုင်းတာချက်များ လုပ်ဆောင်လျက်ရှိသည်။
May 30,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မေလ ၈ ရက်နေ့တွင် ကျရောက်သော (၇၄) ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ထမ္မရာဇ်ရပ်ကွက်ရှိ ကြက်ခြေနီအသင်းခွဲရုံး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက၊ သစ်တောဦးစီးဌာန၊ ဘော်ဘင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၂) ရှိ ၁/၂၀၂၂ စီးပွားရေး(ကျွန်း) စိုက်ခင်း (၂၀၀) ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက်လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ် သက်သာစေရန်၊  မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် လမ်း၊ တံတားများတည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်း (၃၅)မိုင် (၃)ဖာလုံနှင့်(၃၆)မိုင်အတွင်း၌ သံကူကွန်ကရစ်တံတားအသစ်(၁)စင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။