အမြို့မြို့အနယ်နယ်သတင်းများ

May 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့်
May 30,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေး‌နွေးပွဲကို ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေဘန်းခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဇီးဖြူကျွန်းကျေးရွာ၊ ကွင်းအမှတ်(၃၇၉)၊ ဦးပိုင်အမှတ်(၁၀၂/၁)ရှိ တောင်သူ ဦးစိုးမြင့်နွယ်၏ လယ်မြေ(၁၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 30,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတ‌များတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံရေးအတွက် ယမန်နေ့နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေစုစု‌ပေါင်းတစ်သိန်းခွဲကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ အချိန်က အထက (ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့ပေါ်နှင့် ကျေးရွာဒေသများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းသွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အတတ်ပညာများတတ်မြောက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် အထောက်အကူပြု စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခြေခံပန်းရံသင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။